၂၂ အောက်တိုဘာ ၂၀၂၆(Eastern ThanLwin)
TNA
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ ဝင်းရပ်ကွက်ရှိ နန်းကတ်ချောင်းအတွင်း အမျိုးသား (၁)ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့ရတယ်လို့ ညောင်ရွှေမြိုနယ်မီးသတ်စခန်းက သိရပါတယ်။
ယမန်နေ့ အောက်တိုဘာ (၂၁)ရက်၊ နေ့လယ် ၂ နာရီ၊ မိနစ် ၄၀ အချိန်က နန်းကတ်ချောင်းအတွင်း အမျိုးသား (၁)ဦး ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးနေတဲ့ သတင်းအရ ညောင်ရွှေမြို့နယ် မီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲဝင်များ၊ အရန်းမီးသတ်တပ်ဖွဲဝင်တွေနဲ့ ရှာဖွေခဲ့တာပါ။
အဲ့လို ရှာဖွေခဲ့ရာက အချိန် ၂ နာရီ ကြာခဲ့ပြီး ညနေ ၄ နာရီ ၁၅ မိနစ်အချိန်မှာ ပျောက်ဆုံးနေတဲ့ အမျိုးသား (၁)ဦး (သေဆုံး)အား တွေ့ရှိခဲ့ပြီး ရွှေမေတ္တာနာရေးကူညီမှုအသင်းယာဉ်နဲ့ ညောင်ရွှေမြို့နယ် ပြည်သူ့ဆေးရုံကို ပိုဆောင်ပေးခဲ့ပါတယ်။
#အမျိုးသား (၁)ဦး

