Language:

လာအိုနိုင်ငံမှာ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေး တင်ပို့မှုနောက်ကွယ်က အဓိကသူကို သိရှိပြီဟု PDEA ဆို


လာအိုနိုင်ငံမှာ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေး တင်ပို့မှုနောက်ကွယ်က အဓိကသူကို သိရှိပြီဟု PDEA ဆို

၁၄ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )

IM

လာအိုနိုင်ငံကနေ သိမ်းဆည်းရမိခဲ့တဲ့ မူးယစ်ဆေး တင်ပို့မှုကြီး နောက်ကွယ်က အဓိက စီစဉ်သူကို သိရှိပြီလို့ ဖိလစ်ပိုင်နိုင်ငံရဲ့ မူးယစ်ဆေး တိုက်ဖျက်ရေး အေဂျင်စီ PDEA က အောက်တိုဘာ ၁၄ ရက်မှာ ထုတ်ပြန်ချက်အရ သိရပါတယ်။

PDEA ပြောရေးဆိုခွင့်ရှိသူ Joseph Frederick Calulut က ပါဝင်သူအားလုံးရဲ့ နာမည်တွေနဲ့ သူတို့ သုံးစွဲခဲ့တဲ့ အကောင့်တွေကိုလည်း သိရှိထားပေမယ့် စုံစမ်းမှုကို မထိခိုက်စေဖို့ အသေးစိတ်ကို ထုတ်ပြောမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အဆိုပါ တင်ပို့မှုကို လာအို အာဏာပိုင်များက အောက်တိုဘာ ၁ ရက်က လွမ်ပရာဘန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တားဆီးခဲ့ပြီး သီးသန့် ဂျက်လေယာဉ်နဲ့ ဖိလစ်ပိုင်သို့ ပို့ရန် စီစဉ်ထားသော မက်သာဖက်တမင်း (ရှာဘူ) ၅၂၁ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့တာပါ။

လေယာဉ် မောင်းသူက အိတ်များကို တင်ရန် ငြင်းဆန်ခဲ့သဖြင့် ပျံသန်းမှု ပျက်ပြယ်ခဲ့ပြီး ဆေးများကို တွေ့ရှိခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိခဲ့တဲ့ တန်ဖိုးမှာ ပီဆို ၃.၅၄ ဘီလီယံခန့် ရှိတယ်လို့ ဆိုပါတယ်။

ဖြစ်အရ ဖိလစ်ပိုင် နိုင်ငံသား ဖာဟဒ်ကို လာအိုနိုင်ငံမှာ ဖမ်းမိထားပြီး သူနဲ့ အတူ နောက်ထပ် ၁၂ ဦးကိုလည်း ထိန်းသိမ်းခဲ့ကာ နောက်တစ်ဦးဖြစ်တဲ့ ဘိုယက် ဆိုသူမှာ ဟောင်ကောင်သို့ ထွက်ခွာသွားပြီ ဖြစ်ပြီး ၎င်းဟာ လေယာဉ် ငှားရမ်းမှုကို ဒေါ်လာ ၄၉,၅၀၀ ဖြင့် စီစဉ်ခဲ့သူဟု ဆိုပါတယ်။

PDEA ၏ အဆိုအရ သံသယရှိသူ နှစ်ဦးစလုံးမှာ Sam Gor မူးယစ်ဂိုဏ်းနှင့် ဆက်စပ်နေပြီး ၎င်းဂိုဏ်းဟာ ရွှေတြိဂံဒေသကို အခြေခံပြီး အာရှ ပစိဖိတ် ဒေသအနှံ့ ဆေးများ ဖြန့်နေတယ်လို့ ထုတ်ပြန်ပါတယ်။

PDEA က နိုင်ငံခြား အေဂျင်စီများနှင့် ပူးပေါင်း၍ ဘိုယက်ကို ဆက်လက် ခြေရာခံနေပြီး အောက်တိုဘာ ၁၂ ရက် သတင်းစာ ရှင်းလင်းပွဲမှာလည်း မူးယစ်ဆေးများကို ငွေကြေး ထောက်ပံ့သူများ၊ လက်ခံမည့်သူများနဲ့ ဖြန့်ဖြူးမယ့် သူများကို ဖော်ထုတ်နေပါတယ်လို့ အေဂျင်စီ အကြီးအကဲ Isagani Nerez က ပြောကြားခဲ့ပြီး ဖိလစ်ပိုင် ရဲတပ်ဖွဲ့ကလည်း ပြည်ပနိုင်ငံက တပ်ဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

#လာအိုနိုင်ငံ

#သိမ်းဆည်းရမိ

#မူးယစ်ဆေးတင်ပို့မှု

#နောက်ကွယ်ကအဓိကသူ

#PDEA ဆို

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin