Language:

ရန်ကုန်၊ မင်းဓမ္မလမ်းမပေါ်၊ ယာဉ်တိုက်မှုဖြစ်ပွား ၊ (၃) ဦးသေ (၂) ဦးဒဏ်ရာရ


ရန်ကုန်၊ မင်းဓမ္မလမ်းမပေါ်၊ ယာဉ်တိုက်မှုဖြစ်ပွား ၊ (၃) ဦးသေ (၂) ဦးဒဏ်ရာရ

၁၀ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

TNA

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းမပေါ်၊ MCC ခန်းမအနီး ယာဉ်တိုက်မှု တစ်ခု ဖြစ်ပွားရာ ယာဥ်ပေါ်ပါ (၅)ဉီးအနက် အမျိုးသား (၁)ဦးနဲ့ အမျိုးသမီး(၂)ဦးတို့ အသက်ဆုံးရှုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီအသင်းတို့ထံက သိရပါတယ်

ယနေ့ အောက်တိုဘာ ၁၀ ရက်၊ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်ခန့်က MCC ခန်းမအနီးမှာ Leapmotor ယာဥ်တစ်စီး အရှိန်လွန်ကာ လမ်းလယ်ကျွန်းကို ကျော်၍ အနီးရှိဓာတ်တိုင်ကို ဝင်တိုက်ကာ ယာဥ်ပေါ်မှာ လူညပ်နေခဲ့တာလို့ ဆိုပါတယ်။

ယာဥ်ပေါ်မှာ လူညပ်နေတယ်လို့ သတင်းအရ မရမ်းကုန်းမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အင်းစိန်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ လူနာတင်ယာဥ် (၁) စီး အပါဝင် အခြားအသင်းများမှ

အရေးပေါ် ရှေးဦးပြုစုခြင်းနဲ့ အရေးပါ်ဆေးရုံံပို့ဆောင်နိုင်ရန် အချိန်မှီသွားရောက်ခဲ့ကြတာလို့ သိရပါတယ်။

ထိုသို့ ကယ်ဆယ်ရေး သွားရောက်ဆောင်ရွက်ခဲ့ရာ ယာဉ်ပေါ်ပါ ကျား(၁)ဦး၊ မ(၄)ဦးအနက် ကျား(၁)ဦး၊ မ(၂)ဦး (‌သေဆုံး)နဲ့ မ(၂)ဦး ထိခိုက်ဒဏ်ရာခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရနဲ့ ‌သေဆုံးသူတို့အား လှိုင်လူမှုကူညီရေးအသင်းနဲ့ ကောင်းမှုဆောင် ပရဟိတအသင်းမှ သူနာတင်ယာဉ်များ၊ အင်းစိန်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ လူနာတင်ယာဥ်(၂)စီးတို့နဲ့ အင်းစိန်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ကြပါတယ်။

#မင်းဓမ္မလမ်းမပေါ်

#ယာဉ်တိုက်မှု

#အမျိုးသား(၁)ဦး

#အမျိုးသမီး(၂)ဦး

#အသက်ဆုံးရှုံး

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin