Language:

ဝေးလံခေါင်သီပြီး လူမှူရေးခက်ခဲတဲ့ ဒေသ‌တွေက နိုင်ငံ့ဝန်ထမ်းတွေအတွက် ဒေသစရိတ်ခံစားခွင့်ကို အခြေခံ အချက် ၁၁ ချက်နဲ့ စိစစ်နေဟုဆို


ဝေးလံခေါင်သီပြီး လူမှူရေးခက်ခဲတဲ့ ဒေသ‌တွေက နိုင်ငံ့ဝန်ထမ်းတွေအတွက် ဒေသစရိတ်ခံစားခွင့်ကို အခြေခံ အချက် ၁၁ ချက်နဲ့ စိစစ်နေဟုဆို

၉ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

ဇင်ကြီး

ဝေလံခေါင်သီးပြီး လူမှူရေးခက်ခဲသော ဒေသ‌တွေမှာ တာဝန်ထန်းဆောင်နေတဲ့ နိုင်ငံဝန်ထန်းများအတွက် လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ လူမှုစီးပွားရေး အခြေအနေတို့နဲ့အညီ အခြေခံချက် ၁၁ ချက်နဲ့ စိစစ်ဆောင်ရွက်နေတယ်လို့ ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် မင်းသူက ဖြေကြားခဲ့ပါတယ်။

လူမှုရေးခက်ခဲတဲ့ မြို့နယ်များကို ပြန်လည်စိစစ်သတ်မှတ်ပေးရန်နဲ့ ယင်းဒေသ‌တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းများ လက်ရှိ လစဉ်ရရှိတဲ့ လစာနဲ့ ညီမျှတဲ့ ငွေပမာဏကို ဒေသစရိတ်အဖြစ် ပြန်လည် သတ်မှတ်ခံစားခွင့်ပြုရန် အစီအစဉ်ရှိ၊ မရှိနဲ့ မည်သည့် ဘဏ္ဍာရေးနှစ်မှာ စတင်ခံစားခွင့်ပြုမလဲဆိုတဲ့ မေးမြန်းမှုအပေါ် ၎င်းက ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

ဒေသစရိတ်ခံစားခွင့်ရှိတဲ့ ဒေသများကို စိစစ်ရာမှာ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှု၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု၊ ဆက်သွယ်ရေးစနစ်၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ လျှပ်စစ်ဓာတ်အားရရှိမှု၊ စီးပွားရေးအခြေအနေ၊ ရာသီဥတု၊ လူမှုရေးပတ်ဝန်းကျင်အခက်အခဲနဲ့ စက်သုံးဆီဖြန့်ဖြူးနိုင်မှုတို့ကို အခြေခံတဲ့ အချက် ၁၁ ချက်နဲ့ စိစစ်နေတာလို့ သိရပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် စိစစ်ရေးကော်မတီများက လက်ရှိဒေသစရိတ်ခံစားခွင့်ပြုထားတဲ့ မြို့နယ်၊ မြို့များအပြင် ထပ်မံခံစားခွင့်ပြုရန် သင့်လျော်တဲ့ မြို့နယ်၊ မြို့နှင့် ကျေးရွာအုပ်စုများကို သတ်မှတ်စံနှုန်းများ အတိုင်း စိစစ်သုံးသပ်ပြီး အမှတ်ပေးစာရင်းများကို ပြည်ထောင်စုအဆင့် စိစစ်ရေးကော်မတီသို့ တင်ပြထားပါတယ်လို့ ဒုတိယဝန်ကြီးက ပြောပါတယ်။

ပြည်ထောင်စုအဆင့် စိစစ်ရေးကော်မတီက တင်ပြလာတဲ့ ဒေသများကို အခြေခံအချက် ၁၁ ချက်နဲ့ ကိုက်ညီမှုရှိ၊ မရှိ ထပ်မံစိစစ်ပြီး လူမှုရေး အခက်ခဲဆုံး ဒေသ၊ လူမှုရေးခက်ခဲသောဒေသနဲ့ လူမှုရေးအသင့်အတင့် ခက်ခဲသော ဒေသဟူ၍ အုပ်စု ၃ စု ခွဲခြားသတ်မှတ်ကာ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ဆောင်ရွက်ပေးနေတယ်လို့လည်း ဆိုပါတယ်။

နိုင်ငံ့ဝန်ထမ်းများအတွက် ဒေသစရိတ်ကို မြို့နယ် ၈၇ မြို့နယ်မှာ ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်မှစတင်၍လည်းကောင်း၊ မြို့နယ် ၁၁၀ မြို့နယ်မှာ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှစတင်၍လည်းကောင်း ခံစားခွင့်ပြုခဲ့ပြီး နောက်ပိုင်းမှာလည်း ဒေသများကို ထပ်မံပြင်ဆင်သတ်မှတ်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ကျန်ရှိတဲ့ မြို့နယ်များကို အခြေခံ အချက် ၁၁ ချက်နဲ့ ဆက်လက်စိစစ်ကာ ဒေသစရိတ် ခံစားခွင့်ရှိတဲ့ ဒေသများကို လိုအပ်သလို တိုးချဲ့ပြင်ဆင်သတ်မှတ်နိုင်ရေး ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြသွားမယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ လစာနဲ့ ညီမျှတဲ့ ဒေသစရိတ်ပြန်လည်သတ်မှတ်ပေးရန် အစီအစဉ် မရှိသေးဘူးလို့လည်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနတို့၏ ပေါင်းစပ်ဖြေကြားချက်များအရ သိရပါတယ်။

#ဝေလံခေါင်သီ

#လူမှူရေးခက်ခဲ

#ဒေသ‌တွေက

#နိုင်ငံ့ဝန်ထမ်းတွေ

#ဒေသစရိတ်ခံစားခွင့်

#အခြေခံအချက်၁၁ချက်နဲ့

#စိစစ်နေ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin