၇ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
ဖိုးစည်
ဝန်ကြီးချုပ် ဒါတိုဆရီအန်နဝါဘင် အီဘရာဟင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့် သွားရောက်မယ့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ မလေးရှားခရီးစဉ်ဟာ ယနေ့ အောက်တိုဘာ (၇) ရက် မနက်ပိုင်းတွင် စတင်ပြီဖြစ်တယ်လို့ သိရပါတယ်။
ဒီကနေ့ မနက် (၈)နာရီက နေပြည်တော်လေဆိပ်မှတဆင့် အထူးလေယာဉ်ဖြင့် စတင်ထွက်ခွာသွားခြင်းဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ တာဝန်ရှိသူများ၊ တပ်မတော် အဆင့်မြင့်အရာရှိကြီးများနဲ့ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံသံရုံးမှ တာဝန်ရှိသူများ ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါတယ်။
သမ္မတဦးမင်အောင်လှိုင်ရဲ့ ယခုခရီးစဉ်ဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံသမ္မတတစ်ဦးရဲ့ မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် ပြန်လည်သွားရောက်တဲ့ ခရီးစဉ်ဖြစ်ပြီး (၂) ရက်ကြာမြင့်မယ်လို့လည်း သိရပါတယ်။
ယခု ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတဟာ မလေးရှားနိုင်ငံဝန်ကြီးချုပ်နဲ့ တွေ့ဆုံ၍ မြန်မာ-မလေးရှား နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးနဲ့ စီးပွားရေး၊ ယဉ်ကျေးမှုအပါအဝင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့ကို ဆွေးနွေးသွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။
ဒါအပြင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ မြန်မာ-မလေးရှား စီးပွားရေးလုပ်ငန်းရှင်များ ဆွေးနွေးပွဲ (Myanm ar-Malaysia Business Dialogue) သို့ တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားသွားဖို့ရှိတယ်လို့လည်း သမ္မတရုံးနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။
နိုင်ငံတော်သမ္မတရဲ့ မလေးရှားခရီးစဉ်မှာ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဦးမင်းနောင်၊ ဦးမြင့်ကြိုင်၊ ဦးမောင်မြင့်၊ ဦးထွန်းအုံနဲ့ ရခိုင်ပြည် နယ် ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးအေးကျော်တို့လည်း လိုက်ပါသွားတယ်လို သိရပါတယ်။

