Language:

မြန်မာ U-18 အသင်းက လာအို U-18 အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရ


မြန်မာ U-18 အသင်းက လာအို U-18 အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရ

၁၁ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)

စွန်ရဲ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ မြို့မအားကစားကွင်းမှာ စက်တင်ဘာလ ၁၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာ-လာအို U-18 ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲမှာ မြန်မာ U-18 အသင်းက လာအို U-18 အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ မြန်မာနဲ့ လာအို U-18 အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာအသင်းဘက်က တစ်ဂိုးသွင်းယူကာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

မြန်မာ-လာအို U-18 ချစ်ကြည်ရေးဘောလုံးပွဲကို နှစ်နိုင်ငံတာဝန်ရှိသူများအပြင် တာချီလိတ်ဒေသခံများလည်း လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ပွဲစဉ်တစ်လျှောက် အားကစားဝါသနာရှင်များနဲ့ ကွင်းအတွင်း ပရိသတ်များက စည်ကားစွာ အားပေးခဲ့ကြပါတယ်။

#အားကစား

#လာအိုU-18

#မြန်မာU-18

#ချစ်ကြည်ရေခြေစမ်းပွဲ

#တာချီလိတ်

#အားကစားဝါသနာရှင်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin