Language:

တောင်ငူက နာမည်ကျော် ရွှေဘိုလေးကွေ့မှာ ကုန်ကားနှစ်စီး ထပ်မံတိုက်မိမှုဖြစ်ပွား


တောင်ငူက နာမည်ကျော် ရွှေဘိုလေးကွေ့မှာ ကုန်ကားနှစ်စီး ထပ်မံတိုက်မိမှုဖြစ်ပွား

၃ ဩဂုတ်လ ၂၀၂၆ (Eastern Thanlwin)

ဖိုးစည်

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့အနီး ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာရှိ ရွှေဘိုလေးကွေ့မှာ ဒီကနေ့ စက်တင်ဘာ (၃)ရက် မနက် (၅) နာရီဝန်းကျင်ခန့်က ကုန်တင်ယာဉ်နှစ်စီး တိုက်မိမှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

တောင်ငူမြို့ ရန်ကုန် -မန္တလေးလမ်းမဟောင်း မိုင်တိုင်အမှတ် (၁၅၉/၆) အနီးမှာ (၁၂) ဘီးကုန်တင်ယာဉ်နဲ့ (၆)ဘီးကုန်တင်ယာဉ်တို့ တိုက်မိခဲ့တာဖြစ်ပြီး (၁၂) ဘီးယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦးအနက် တစ်ဦးမှာ ကားခေါင်းအတွင်း ညှပ်နေလို ကယ်ထုတ်ခဲ့ရပါတယ်။

အခုယာဉ်တိုက်မှုဖြစ်တဲ့ ရွှေဘိုလေးကွေ့ဟာ နာမည်ကျော် အန္တရာယ်ကွေ့ဖြစ်ပြီး ယာဉ်တိုက်မှုတွေ မကြာခဏ ဖြစ်တာကြောင့် ယာဉ်မောင်းသူတွေအနေနဲ့ သတိပြုမောင်းနှင်ကြဖို့ နယ်မြေကျွမ်းကျင်သူ မြိုခံတွေက သတိပေးပြောကြားထားကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း အဲဒီရွှေဘိုလေးကွေ့နားမှာ ကုန်တင်ယာဉ်နဲ့ ဆီဘောက်ဆာကား တိုက်မိပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါသေးတယ်။

ရန်ကုန်မှ မန္တလေးသို့ မောင်းနှင်လာတဲ့ ဆီဘေက်ဆာယာဉ်နဲ့ မန္တလေးမှ ရန်ကုန်သို့ မောင်းနှင်လာသော ကွန်တိန်နာယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့တာဖြစ်ပြီး ဆီဘောက်ဆာယာဉ်မီးလောင်ခဲ့တဲ့အပြင် အနီးက ဘုန်းကြီးကျောင်းကိုပါ မီးကူးစက်လောင်ကျွမ်းလို့ မီးသတ်နဲ့ ဒေသခံတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရတာဖြစ်ပါတယ်။

#တောင်ငူရွှေဘိုလေးကွေ့

#ကုန်ကားနှစ်စီး

#ထပ်မံတိုက်မိမှုဖြစ်ပွား

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin