၁၅ သြဂုတ်လ ၂၀၂၆(Eastern Thanlwin)
ဇင်ကြီး
ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ ဝီယန်ဖန်ခမ်းရပ်ကွက်ရှိ အစိုးရဘဏ်ရှေ့ ATM စက်တစ်ခုမှာ သြဂုတ်လ (၁၄) ရက်နေ့က မသင်္ကာဖွယ်ပြုလုပ်နေတဲ့ ငွေကြေးလွှဲပြောင်းမှုတစ်ခုကို မယ်ဆိုင်မြို့နယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးရန် သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။
မယ်ဆိုင်ရဲစခန်းမှ ရဲအရာရှိ ရဲဗိုလ်ကြီး ဝရဝစ်ခမ်းခရူး ဦးဆောင်တဲ့ ကားကင်းအဖွဲ့ ၂၀၁ နှင့် ဆိုင်ကယ်ကင်းအဖွဲ့ ၁၉၁ (အဖွဲ့ ၂)တို့က ဒေသအတွင်း ကင်းလှည့်စစ်ဆေးနေစဥ် ထိုင်းဘတ်ငွေ (၁၇၀,၀၀၀)ကို သိမ်းဆည်းရမိခဲ့တာပဲ ဖြစ်ပါတယ်။
တွေ့ရှိသိမ်းဆည်းရမိတဲ့ ငွေသားနှင့် သက်သေခံပစ္စည်းများအားလုံးကိုတော့ မယ်ဆိုင်မြို့ရဲစခန်းရှိ စုံးစမ်းစစ်ဆေးရေးအရာရှိထံ လွဲပြောင်းပေးအပ်ခဲ့ပြီး ငွေပိုင်ရှင်နှင့် ငွေကြေးရရှိလာတဲ့ အရင်းမြစ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကာ ဥမဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
အဆိုပါလုပ်ဆောင်မှုက တရားမဝင်ငွေကြေးလွဲပြောင်းမှုများနှင့် ဆက်စက်တဲ့ပြစ်မှုများကို ကာကွယ်တာဆီးနှိမ်နင်းရန် ရည်ရွယ်ကာ လုပ်ဆောင်တာဖြစ်ပြီး လက်ရှိမှာတော့ ပုံမှန်အဆိုင်းရှိနေသေးကြောင်း မယ်ဆိုင်ရဲစခန်းကထုန်ပြန်ထားတာပဲဖြစ်ပါတယ်။

