၁၅ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ဖိုးစည်
ဒီကနေ့ ဩဂုတ်လ (၁၅)ရက် မနက်အစောပိုင်းမှာ ရန်ကုန် – မန္တလေး အမြန်လမ်းပေါ်က မိုင်တိုင် (၅၈/၁-၂)မှာ Elite ခရီးသည်တင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံက သိရပါတယ်။
ဒီကနေ့ မနက် (၄)နာရီ(၅၀)မိနစ်အချိန်ခန့်က နေပြည်တော် – ရန်ကုန်အမြန်လမ်းမကြီး၊ ရန်ကုန်ဘက်ခြမ်း၊ မိုင်တိုင်အမှတ်(၅၈/၁-၂)ကြားတွင် Elite ခရီးသည်တင်ယာဉ်လိုင်မှ ခရီးသည်တင်ယာဉ်တစ်စီးဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းတံတားအား တိုက်မိပြီး တိမ်းမှောက်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။
အခင်းဖြစ်ပွားရာ နေရာသို့ ဘောနီအမြန်လမ်း မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါကျား(၆)ဦး၊ မ(၉)ဦး စုစုပေါင်း (၁၅)ဦးအနက် ကျား(၂)ဦး၊ မ(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား လူနာတင်ယာဉ်ဖြင့် ပဲခူးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

