ကလိန်အောင်မြို့ နယ်မှာ ရော်ဘာစေပြား ဈေကောင်းရရှိနေ


ကလိန်အောင်မြို့ နယ်မှာ ရော်ဘာစေပြား ဈေကောင်းရရှိနေ

၂၀ အောက်တိုဘာ (Eastern ThanLwin)

TNA

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့နယ်အတွင်း ယခုနှစ် ရော်ဘာခြံခြစ်ရာသီအစ ရော်ဘာစေးပြား တစ်ပေါင်ကို ငွေကျပ် ၃၀၀၀ နဲ့ ဈေးကောင်းရရှိနေတယ်လို့ ဒေသတွင်းသတင်းများအရ သိရပါတယ်။

ယခုနှစ် ရော်ဘာရာသီအစ ရော်ဘာပေါ်ချိန် ယခင်နှစ်များကထက် ဈေးနှုန်းပိုမိုရရှိနေခြင်းဖြစ်ပြီး ရော်ဘာဈေးကွက်မှာ စေးပြား တစ်ပေါင်ကို ငွေ ၃၀၀၀ ကျပ်ရရှိနေတယ်လို့ ဒေသခံ ရော်ဘာစိုက်လုပ်ငန်းရှင်များနဲ့ ခြံလုပ်သားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“ဒီနှစ်က ရော်ဘာခြံတွေ ခြစ်တဲ့ ရာသီအစမှာတင် ဈေးကွက်ထဲမှာ ဈေးကောင်းကောင်းရနေတော့ ခြံပိုင်ရှင်တွေရော၊ အလုပ်သမားတွေပါ အရင်နှစ်တွေထက်စာရင် အဆင်ပြေကြပါတယ်။”လို့ ဒေသခံ ရော်ဘာစိုက်လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

ယခုကဲ့သို့ ရော်ဘာရာသီအစ ဈေးကောင်းရရှိနေကြလို့ ရော်ဘာခြံလုပ်သားများအတွက်လည်း တစ်နေ့လုပ်ခနဲ့ ဝင်ငွေများ ပိုမိုတိုးတက်လာနိုင်ကာ ဒေသတွင်းကုန်စည် စီးဆင်းမှုနဲ့ စီးပွားရေးလည်ပတ်မှုများကိုပါ အကောင်းဘက်မှ အထောက်အကူပြုလျက်ရှိပါတယ်။

“ထွက်ရှိလာတဲ့ ရော်ဘာအရည်အသွေးအပေါ်မူတည်ပြီး ဈေးနှုန်းကလည်း ကျေနပ်စရာ အခြေအနေမှာ ရှိပါတယ်”လို့ ၎င်းက ဆက်ပြောပါတယ်။

ကလိန်အောင်မြို့သည် ရော်ဘာကို အဓိက စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြတဲ့ ဒေသတစ်ခု ဖြစ်ပြီး ရာသီဥတုအခြေအနေနဲ့ ဒေသန္တရအချက်အလက်များအရ ရော်ဘာစေး အထွက်နှုန်း ကောင်းမွန်လို့ ဒေသတွင်း စီးပွားရေး၏ အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိပါတယ်။

#ကလိန်အောင်မြို့

#ရော်ဘာခြံ

#စီးပွားရေး

ဆက်စပ်သတင်းများ

Eastern Thanlwin