၁၈ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )
TNA
ရှမ်းပြည်နယ်၊ (တောင်ပိုင်း) ညောင်ရွှေမြို့နယ်၊ ကံသာရပ်ကွက်ရှိ View Point Hotel မှာ ယမန်နေ့ အောက်တိုဘာ (၁၇)ရက် ည (၉)နာရီ မိနစ် (၄၀)အချိန်ခန့်က မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့သတင်းများအရ သိရပါတယ်။
ညောင်ရွှေမြိုနယ်၊ ကံသာရပ်ကွက်ရှိ View Point Hotel မှာ မီးလောင်မှု ဖြစ်ပွားနေတဲ့ သတင်းအရ
ညောင်ရွှေမြိုနယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲဝင်များ၊ အရန်မီးသတ်တပ်ဖွဲဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့တာပါ။
ထိုသို့ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီ ၁၅ မိနစ်အချိန်မှာတော့ မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ဖြစ်စဉ်အရ မီးသတ်တပ်ဖွဲ့မှ လိုအပ်သည်များကို ဆက်လက်စစ်ဆေးလျက်ရှိပါတယ်။

