ပုသိမ်ကြီးမြို့နယ်၊ သရက်တပင်ကျေးရွာအနီး ဧရာဝတီမြစ်ထဲ ရေဆင်းကူးတဲ့ အမျိုးသား (၁)ဦး ရေနစ်သေဆုံး


ပုသိမ်ကြီးမြို့နယ်၊ သရက်တပင်ကျေးရွာအနီး ဧရာဝတီမြစ်ထဲ ရေဆင်းကူးတဲ့ အမျိုးသား (၁)ဦး ရေနစ်သေဆုံး

၁၉ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

TNA

၀န္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ သရက်တပင်ကျေးရွာအနီး ဧရာဝတီမြစ်အတွင်း ရေဆင်းကူးတဲ့ အမျိုးသား (၁)ဦး ရေနစ်သေဆုံးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ယနေ့ အောက်တိုဘာ (၁၉) ရက်၊ နံနက် (၁၁)နာရီခွဲအချိန်ခန့်က ဧရာဝတီမြစ်အတွင်း အမျိုးသား (၁)ဦး ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးနေကြောင်း သတင်းအရ ပုသိမ်ကြီးမြို့နယ်မီးသတ်စခန်း၊ အောင်မြင်သာစံ မြို့နယ်မီးသတ်စခန်းနှင့် ညောင်ကွဲအရန်မီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းသားများဖြင့် ရှာဖွေခဲ့တာပါ။

ထိုသို့ ဝိုင်းဝန်းရှာဖွေခဲ့ရာ နေ့လည် (၁၂)နာရီ (၅)မိနစ်အချိန်တွင် အမျိုးသား(၁)ဦး (သေဆုံး)အား တွေ့ရှိခဲ့ပြီး စေတနာမေတ္တာဂရုဏာလူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

#ပုသိမ်ကြီးမြို့နယ်

#သရက်တပင်ကျေးရွာ

#ဧရာဝတီမြစ်ထဲ

#ရေနစ်သေဆုံး

ဆက်စပ်သတင်းများ

Eastern Thanlwin