ပြင်သစ်နိုင်ငံက အကြမ်းဖက်မှု ဖြစ်ခဲ့တဲ့ မြို့တွေမှာ ညမထွက်ရ အမိန့် ထုတ်ပြန်


ပြင်သစ်နိုင်ငံက အကြမ်းဖက်မှု ဖြစ်ခဲ့တဲ့ မြို့တွေမှာ ညမထွက်ရ အမိန့် ထုတ်ပြန်

၂၀ ရက် အောက်တိုဘာလ ၂၀၂၆ ( Eastern ThanLwin)

IM

ပြင်သစ် အစိုးရက ပါရီ၊ လိုင်လီနဲ့ လိုင်ယွန်မြို့များ အပါအဝင် ပဋိပက်ခဖြစ်ပွားခဲ့တဲ့ မြို့အများအပြားမှာ ညမထွက်ရ အမိန့်ကို ဝန်ကြီးချုပ် လီကော်နူက အမိန့်ထုတ်ပြန်ခဲ့ပြီး အမိန့်မှာ တနင်္လာနေ့ ညနေပိုင်းမှ စတင် အသက်ဝင်စေခဲ့တယ်လို့ ဆိုပါတယ်။်

ညမထွက်ရ အမိန့်ကို ကြေညာခဲ့ရာမှာတော့ ပါရီမြို့ တစ်ခုလုံးကို အမိန့် မထုတ်ဘဲ အရေးပေါ် အခြေအနေကို လည်း မကြေညာသေးဘဲ အများပြည်သူ စည်းကမ်းကို ပြန်လည်တည်ဆောက်မယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

ပါရီမြို့မှာ ည ၁၁ နာရီမှ နံနက် ၆ နာရီအထိ အမိန့် အသက်ဝင်ကာ ဆန္ဒပြပွဲများကို ည ၈ နာရီမှ စတင် တားမြစ်ခဲ့ကာ ဒင်နိန်မြို့တွင် ညမထွက်ရ အမိန့်ကို အောက်တိုဘာ ၂၅ ရက်အထိ ထုတ်ထားပြီး မာဆယ်မြို့မှာတော့ စုဝေးမှုများကို တနင်္လာနေ့ နေ့လယ်မှ ည ၈ နာရီအထိ တားမြစ်ခဲ့တာပါ။

အမိန့်သည် စနေနေ့ ဆန္ဒပြပွဲများ နောက်ပိုင်း ထုတ်ပြန်လာတာဖြစ်ပြီး ဆန္ဒပြသူ ၅ သိန်းခန့်က ကုန်ဈေးနှုန်းမြင့်တက်မှုကို ကန့်ကွက်ခဲ့ကြပြီး အချို့ ဆန္ဒပြပွဲများသည် အကြမ်းဖက်မှု ပုံစံသို့ ပြောင်းသွားခဲ့ရာ ဆိုင်ခန်း ၃,၀၀၀ ကျော် ပျက်စီးခဲ့ရပြီး ယူရို သန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။

ဆန္ဒပြတဲ့ လူပေါင်း ၂,၅၁၃ ဦးကို ရဲက ထိန်းသိမ်းထားတယ်လို့ တရားရေး ဝန်ကြီးက ပြောကြားခဲ့ပြီး လူ ၆၇ ဦးကို အကျဉ်းချထားပြီး လုံခြုံရေး တပ်ဖွဲ့ဝင် ၁၀၀၀၀ နီးပါးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

၎င်းဖြစ်ရပ်များ‌ကြောင့် ပြည်ထဲရေး ဝန်ကြီး နူနက်က နုတ်ထွက်ခွင့် တင်ခဲ့သော်လည်း သမ္မတ မာခရွန်က လက်မခံခဲ့ဘဲ မာခရွန်က အစိုးရ၏ တုံ့ပြန်မှု အားနည်းချက်များ ရှိခဲ့သည်ဟုလည်း ဝန်ခံခဲ့ပါတယ်။

အခြား ဥရောပ နိုင်ငံများဖြစ်တဲ့ အီတလီ၊ ဘယ်လ်ဂျီယံတို့မှာ ထိတွေ့မှုများ ဖြစ်ခဲ့ပြီး စပိန်၊ ပေါ်တူဂီတွင်လည်း ဆန္ဒပြမှုများ ဆက်ရှိနေသည်။ဆန္ဒပြပွဲစီစဉ်သူများက လာမယ့် စနေနေ့မှာတော့ ဆန္ဒပြပွဲ အသစ် လုပ်မယ်လို့ ပြောဆိုထားပါတယ်။

အစိုးရက ပျက်စီးသော လုပ်ငန်းများကို ကူညီမယ်လို့ ပြောကြားထားပြီး အကူအညီ ရန်ပုံငွေကို အင်္ဂါနေ့မှ စတင် ပေးမည်ဖြစ်ကာ ပိတ်ထားရသော ဆိုင်များမှ ဝန်ထမ်းများ၏ လစာကို အစိုးရက ပေးမယ်လို့ ပြောကြားထားပါတယ်။

#ပြင်သစ်နိုင်ငံ

#အကြမ်းဖက်မှု

#ညမထွက်ရ

ဆက်စပ်သတင်းများ

Eastern Thanlwin