PSG vs Barcelone
နှစ်သင်းစလုံး ချန်ပီယံလိဂ်အဖွင့်နှစ်ပွဲစလုံး အနိုင်ရထားသလို တိုက်စစ်စွမ်းရည်ကိုလည်း အပြိုင်ပြသပြီး ဂိုးကွာခြားချက်လည်း ၇ ဂိုးစီအထိ ရထားတာကြောင့် ဒီပွဲဟာ အမှတ်ပေးဇယားထိပ်ပိုင်းမှာ အားပြိုင်ကြမယ့်ပွဲပါ။
PSG အသင်းက ရာသီအစပွဲစဉ်တွေမှာ ခြေစွမ်းပျောက်ဆုံးပြီး နိုင်ပွဲတွေနဲ့ကင်းကွာခဲ့ပေမယ့် ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်ကနေစပြီး လမ်းကြောင်းမှန်ပေါ်ပြန်လည်တက်လှမ်းလာပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲဆက်တိုက် အနိုင်ယူပြီး သူတို့ရဲ့ ခြေစွမ်းကို ပြန်လည်ပြသနိုင်ခဲ့ပါတယ်။
အထူးသဖြင့် ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ တိုက်စစ်စွမ်းဆောင်ရည်ကို အကောင်းဆုံးပြသနိုင်ခဲ့ပြီး မန်စီးတီးကိုလည်း အဝေးကွင်းမှာ ၄ ဂိုးအထိသွင်းကာ ချန်ပီယံခြေစွမ်းကို အကောင်းဆုံးပြသနိုင်ခဲ့ပါတယ်။
ဟန်စီဖလစ်ရဲ့ ဘာစီလိုနာကလည်း ဒီရာသီပြိုင်ပွဲစုံ ၁၁ ပွဲဆက်တိုက် အနိုင်ယူထားသလို ၁၁ ပွဲမှာ ၄၈ ဂိုးအထိသွင်းယူထားကာ ဒီရာသီ ဥရောပထိပ်တန်းလိဂ်တွေမှာ ဘယ်သူမှ လိုက်မမှီအောင် အကောင်းဆုံးစွမ်းဆောင်ရည်ကိုပြသထားနိုင်ခဲ့တာပါ။
ဘာစီလိုနာအသင်းအနေနဲ့ အကောင်းဆုံးစွမ်းဆောင်ရည်တွေ ဆက်တိုက်ပြသထားနိုင်ပေမယ့် အဓိကပြိုင်ဘက်အသင်းကြီးတွေနဲ့ တွေ့ဆုံထားခြင်းမရှိသေးတာကြောင့် PSG နဲ့ပွဲက သူ့တို့ရဲ့ ခြေစွမ်းကို မှတ်ကျောက်တင်မယ့်ပွဲအဖြစ် အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကျမှာအမှန်ပါ။
PSG ဘက်မှာ ဘယ်ဘက်ပေါင်ကြွက်သားဒဏ်ရာကြောင့် Nuno Mendes မပါဝင်နိုင်သလို ဘာစီလိုနာရဲ့ ဂျူးလ်စ်ကွန်ဒေး၊ အဲရစ် ဂါစီယာတို့လည်း လွဲချော်မှာဖြစ်တဲ့အတွက် နှစ်သင်းလုံးရဲ့ ခံစစ်အတွက် အားနည်းစေမှာဖြစ်ပါတယ်။
ဘာစီလိုနာအတွက်တော့ အန်ဒရီးယက်စ် ခရစ္စတန်ဆန်ပါ ဒဏ်ရာရထားတဲ့အတွက် နောက်တန်းအင်အားက ပိုလျော့နေမှာပါ။
ဘာစီလိုနာက ဒီရာသီပြိုင်ပွဲမရွေး ဂိုးသွင်းစွမ်းရည်ပြပြီး ဗိုလ်မထားအနိုင်ယူနေသလို ဥရောပဗိုလ်ဘွဲ့ကို ၃ နှစ်ဆက်ခံယူဖို့ ကြိုးစားမဲ့ PSG က ပြင်သစ်လီဂူးမှာထက် ချန်ပီယံလိဂ်မှာ ပိုခြေတွေ့နေပြီး တိုက်စစ်က ဂိုးမြူးနေတဲ့ နှစ်သင်းတွေ့ဆုံမှုမှာ အပြန်အလှန် တိုက်စစ်အားပြိုင်ပြီး ဂိုတွေလှိုင်လှိုင်မြင်တွေ့ရဖို့ရှိပြီး မဖြစ်မနေ အနိုင်ရွေးရမယ်ဆိုရင်တော့ အိမ်ကွင်းအားသာချက်လည်းရှိနေတဲ့ PSG ကဘဲ နှာတစ်ဖျားသာသွားလေမလားလို့ စဉ်းစားမိလေရဲ့

