ဘန်ကောက်က လိမ်လည်မှုကွန်ရက်ကို ထိုင်းရဲဖြိုခွင်းပြီး ကျူးလွန်သူ ၁၀ ဦး ဖမ်းဆီးရမိ


ဘန်ကောက်က လိမ်လည်မှုကွန်ရက်ကို ထိုင်းရဲဖြိုခွင်းပြီး ကျူးလွန်သူ ၁၀ ဦး ဖမ်းဆီးရမိ

၂၀ အောက်တိုဘာလ ၂၀၂၆ ( Eastern ThanLwin)

IM

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က လိမ်လည်မှု စင်တာ (၃) ခုကို အောက်တိုဘာ ၁၉ ရက်က ထိုင်းလူဝင်မှု ကြီးကြပ်ရေး ရဲတပ်ဖွဲ့နဲ့ တောင်ကိုရီးယားနိုင်ငံ ရဲတပ်ဖွဲ့တို့ ပါဝင်တဲ့ ရဲအရာရှိ ၃၀ ကျော်က ပူးပေါင်းဖြိုခွင်းခဲ့ရာကန သံသယရှိသူ ၁၀ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

၎င်းအဖွဲ့ဝင်တွေက အစိုးရရှေ့နေများနဲ့ အရာရှိကြီးများ အဖြစ် ဟန်ဆောင်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံသားများကို

ငွေလွှဲပေးရန် လှည့်ပတ်ပြောဆိုခဲ့ပြီး ဖမ်းဆီးရမိသူများထဲ တောင်ကိုရီးယားနိုင်ငံသား (၈) ဦးနဲ့ တရုတ်နိုင်ငံသား (၂) ဦးတို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

၎င်းစင်တာများသည် လက်ဖာရို-ဟွေခွန်၊ ဝချာရာဖို-ချတုချုတ် နှင့် ရချာဒါ-ရာမာ ၉ နယ်မြေများတွင်ရှိကာ ရဲများက ကွန်ပျူတာ ၁၃ လုံး၊ လက်ကိုင်ဖုန်း ၂၁ လုံး၊ ဆက်စပ်ပစ္စည်း စုစုပေါင်း ၅၁ မျိုး သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံသား သံသယရှိသူများက စင်တာနေရာများကို စီစဉ်ပေးကာ တောင်ကိုရီးယား သံသယရှိသူများကို ဖုန်းခေါ်ဆိုခဲ့တယ်လို့ ဆိုကာ စစ်ဆေးမှုကို အမျိုးသား ရဲချုပ်၏ အမိန့်ဖြင့် လုပ်ခဲ့ပြီး လူဝင်မှုကြီးကြပ်ရေး ဗျူရို အကြီးအကဲက စုံစမ်းမှုကို ရှင်းလင်း ပြောကြားခဲ့တာပါ။

အဆိုပါ စုံစမ်းမှုကို စက်တင်ဘာ ၃ ရက်တွင် စတင်ခဲ့ပြီး ထိုနေ့တွင် တောင်ကိုရီးယားနိုင်ငံသား လင်ယောင်ဂီကို ဖမ်းဆီးနိုင်ခဲ့ပြီး သူသည် နေထိုင်ခွင့် သက်တမ်း ကျော်လွန်နေသူ ဖြစ်ရာ တောင်ကိုရီးယား အာဏာပိုင်များက သူ့ကို လိမ်လည်မှု စွဲချက်ဖြင့် ရှာဖွေနေခဲ့တာလို့ ဆိုပါတယ်။

၎င်းသည် အွန်လိုင်း လောင်းကစားနဲ့လည်း ဆက်စပ်နေတယ်လို့ တာဝန်ရှိ ရဲအရာရှိက ပြောဆိုခဲ့ပြီး ရဲများက စင်တာ (၃) ခုကို တစ်လကျော် စောင့်ကြည့်ခဲ့ရာ လူ (၈) ဦးမှ (၉)ဦးအထိ နေ့စဉ် ဝင်ထွက်နေသည်ကို ရဲများက တွေ့ခဲ့တာလို့ ဆိုပါတယ်။

၎င်းအဖွဲ့ဝင်များက ကွန်ပျူတာများကို နေရာသစ်သို့ ရွှေ့ပြောင်းနေသည်ကို ရဲများက တွေ့ခဲ့တယ်လို့ ဆိုပြီး နေရာသစ်မှာ အင်တာနက် မြန်နှုန်းမြင့် တပ်ဆင်ထားကာ ကွန်ပျူတာနဲ့ ဖုန်း အများအပြားကိုလည်း ရဲများက တွေ့ခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိသူများကို နေထိုင်ခွင့် ရုပ်သိမ်းလိုက်ပြီဖြစ်ပြီး ၎င်းတို့ကို နိုင်ငံအတွင်း ပြန်မဝင်နိုင်ရန် စာရင်းသွင်း တားမြစ်ထားကာ ၎င်းတို့ကို တောင်ကိုရီးယားသို့ ပြန်ပို့မှာဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံမှာ ဆက်လက်၍ တရား ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ထိုင်းနဲ့ တောင်ကိုရီးယား ရဲတပ်ဖွဲ့ဝင်များက ငွေကြေး လမ်းကြောင်း၊ ကွန်ရက် ညွှန်ကြားသူများနဲ့ ကျန်ရှိတဲ့ အဖွဲ့ဝင်တွေကိုလည်း ခြေရာခံ ရှာဖွေနေပါတယ်။

တောင်ကိုရီးယား သံအမတ်က စစ်ဆေးမှုမှာ ကိုယ်တိုင် ပါဝင်ခဲ့ပြီး ၎င်းက ထိုင်း ရဲတပ်ဖွဲ့ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ထိုင်းနိုင်ငံသည် နိုင်ငံခြား ရာဇဝတ်သားများ၏ ပုန်းအောင်းရာ မဖြစ်စေရဟု ဗျူရို အကြီးအကဲက

ပြောကြားထားပါတယ်။

#ဘန်ကောက်

#လိမ်လည်မှုကွန်ရက်

#ထိုင်းရဲဖြိုခွင်း

#ကျူးလွန်သူ၁၀ဦး

ဆက်စပ်သတင်းများ

Eastern Thanlwin